Libellés

jeudi 25 mai 2017

** * Som Tum သင်္ဘောသီးထောင်း * **

**** Restaurant Chez Moi **
** Som Tum သင်္ဘောသီးထောင်း * **
** ส้มตำไทย Salade Thaïlande * ** * Hot Thai Green Papaya Salad ** *


(ချ က်ြ ခ င်း ဘိုင့့်  မရငတ)


ထိုင်းလမ်းဘေးက အော်ရဂျင်နယ် Som Tum သင်္ဘောသီးထောင်း                   (ဓါတ်ပုံ မရငတ)

ဒီကနေ့ ထိုင်းလို Som Tum  
Isaan Dialect နဲ့ဆိုရင်တော့ Tum Som၊ 
ထိုင်း တချို့နယ်တွေမှာတော့ Tum Bak Hoong။

Som ဆိုတာက Sour
Tum ဆိုတာက To Pound in the Mortor
Som Tum ဆွမ့်သမ် ကို ဗမာမှုပြုတော့ သင်္ဘောသီးထောင်း  
ပြင်သစ်တွေ အင်္ဂလိပ်တွေကတော့ Salade  Thaï့  Thaï Salad။

မောင်ရင်ငတေတို့ ဗမာတွေ ထိုင်းအစားအစာကို တခြားမကြိုက်ရင် ရှိရမယ်၊
ဒီ ခပ်စပ်စပ် Som Tum ဆွမ့်သမ် သင်္ဘောသီးထောင်းကိုတော့ ကြိုက်သူတွေ များလှပါတယ်၊
မူရင်းကတော့ ထိုင်းအစာအများစု ထုံးစံအတိုင်း ထိုင်းအရှေ့မြောက်ဒေသ အီဆန်နယ် ဖြစ်ပါတယ်။

ภาคอีสาน Isaan အီဆန်နယ်ဆိုတာကတော့ ထိုင်းအရှေ့မြောက်နဲ့ နယ်နမိတ်ချင်း ဆက်စပ်နေတဲ့ 
လာအိုမြေတို့ ကမ္ဘောဒီးယားမြေတို့လည်း တစိတ်တပိုင်း ပါဝင်ခဲ့တယ်ဆိုပါတယ်၊ Isanapura ဆိုတဲ့
မြို့တော်ဟောင်းကတော့ ဒီကနေ့ ကမ္ဘောဒီးယား နယ်မြေထဲမှာ တည်ရှိပါတယ်၊ မူလလက်ဟောင်း 
ကတော့ မွန်ခမာ အင်ပါယာထဲက နယ်မြေတမြေ ဖြစ်ဖို့ များပါတယ်။

အဲသလို ထိုင်းမြောက်ပိုင်း အစာတွေက ဒီကနေ့ ထိုင်းနိုင်ငံတဝှမ်း ထင်ပေါ်ကျော်ကြားလာတဲ့ ရိုးရာ 
အစားအစာတွေ ဖြစ်လာခဲ့ပါပြီး ဒီဆွမ့်သမ် သင်္ဘောသီးထောင်းကတော့ နံပတ်ဝမ်းလို့ ပြောလို့ရနေပါပြီ၊ 
တကယ်လည်း အရသာရှိသလို အစပ်လျှော့လိုက်ရင်တော့ လူမျိုးမရွေး ဘာသာမရွေး စားသုံး နိုင်တဲ့ အစာ
အဖြစ် ရပ်တည်နိုင်မယ့် အစားအစာပါ။

ချဉ်ချဉ်စပ်စပ်ဆို ဘာမဆိုအကြိုက်တွေ့တတ်တဲ့ မောင်ရင်ငတေ့အတွက်ကတော့ မက်မောဘွယ်ရာ
ထိုင်းအစာတမျိုး ဖြစ်တယ်ဆိုရင်လည်း မမှားပါဘူး၊ ထိုင်းကိုရောက်လို့ ဘန်ကောက်ရောက်လို့ ဆိုင် 
တကာမှာ မမှာမဖြစ် မှာစားဖြစ်ရတဲ့စားစရာ မီနူးတမျိုးဖြစ်လာသလို ပါရီမြို့တော်က အာဆီယံတန်း 
တရုတ်တန်း ရောက်ခဲ့ပါရင်လည်း ကောင်းကောင်း မကောင်းကောင်း မှာစာချင်နေတတ်တဲ့ ထိုင်း 
အစာလို့သာ ပြောရပါတော့မယ်။


ပါရီမြို့က (ချ က်ြ ခ င်း ဘိုင့့်  မရငတ) Som Tum သင်္ဘောသီးထောင်း  (ဓါတ်ပုံ မရငတ)

ဒါပေမယ့် ပါရီက အာရှ ဆိုင်တွေမှာ ရောင်းတဲ့ ဈေးနှုန်းက သာမန် တော်ရိလျော်ရိ ဆွမ့်သမ်တပွဲကို
စကော့ဝီစကီ တပိုင်းနှုန်းမျှ ဈေးပေါက်တာကြောင့် မောင်ရင်ငတေကတော့ တော်ရုံနဲ့ သွားမစားဖြစ် ပါဘူး၊ 

အဲဒါကြောင့် တခါတရံမှာ ချဉ်ချင်းတပ်လာခဲ့ရင်တော့ အခုလို မောင်ရင်ငတေ ကိုယ်တိုင်လုပ် စားပါတဲ့ 
(ချ က်ြ ခ င်း ဘိုင့့်  မရငတ) ရဲ့ ယိုးဒယား သင်္ဘောသီးထောင်းပါ ခင်ဗျား။

သင်္ဘောသီးထောင်းနည်း နိဿရည်းကိုတော့ ရေးမပြတော့ပါဘဲ့

မောင်ရင်ငတေ ကိုယ်တိုင် မှတ်တမ်းတင်ခဲ့ပါတဲ့ ထိုင်းကမ်းခြေ တနေရာက
အမှန်အကန် သင်္ဘောသီးထောင်းဆိုင်က အမှန်အကန် သင်္ဘောသီးထောင်းနေသူ
ထိုင်းမကြီးရဲ့တယောက်ရဲ့ အမှန်အကန် သင်္ဘောသီး ထောင်းနေတဲ့ပုံ မှတ်တမ်းရယ်၊

အင်တာနက် အွန်လိုင်းပေါ်က အချက်အပြုတ် ဝါသနာရှင် ထိုင်းမမ
ချောချောလှလှကြီးတွေရဲ့ ထောင်းပုံထောင်းနည်းတွေကိုသာ ပူးတွဲ တင်ပြလိုက်ရကြောင်းပါ။

Som Tum by MaungYin NgaTay

Green Papaya Salad Hot Thai Kitchen

ကျေးဇူးအထူးတင်ရှိစွာဖြင့့်

**** Restaurant Chez Moi **
( က်ြ်ုးင့ မရငတ) ၂၄၀၅၂၀၁၇

** * Som Tum သင်္ဘောသီးထောင်း ** *



**** Restaurant Chez Moi **
** Som Tum သင်္ဘောသီးထောင်း * **
** ส้มตำไทย Salade Thaïlande * ** * Hot Thai Green Papaya Salad ** *


(ချ က်ြ ခ င်း ဘိုင့့်  မရငတ)

** * Wiener Straßenbahn (Trams in Vienna) ** *



Wiener Straßenbahn (Trams in Vienna)
ဗီယန်နာမြို့တော် မြို့လယ်ခေါင် တနေရာက ဓါတ်ရထားများ

mercredi 17 mai 2017

** * ဘီယာကျန်တော့ဘူ့း့  ဟေ ဟေ့  * **

ဘီယာကျန်တော့ဘူ့း့ ဟေ ဟေ့ 


Les Français Boivent 2 Milliards de Litres de Bière par An


ပြင်သစ် နိုင်ငံသားတွေဟာ တနှစ်ကို ဘီယာလီတာ 2 Milliards de Litres သောက်သုံးကြတယ်လို့
စာရင်းမှတ်တမ်း တခုက ဆိုပါတယ်၊ Un Milliard (1 000 000 000) ဆိုတာ သန်းတထောင်ဖြစ်လို့
ဘီယာလီတာပေါင်း သန်းနှစ်ထောင်မျှ သောက်သုံးကြတယ်လို့ ဆိုနိုင်ပါတယ်။

မောင်ရင်ငတေတို့ ဘီယာဆိုင်တွေမှာ စည်ဘီယာ ဝယ်သောက်ရင် ပုံမှန်သောက်နေကြခွက်တွေက အဓိက နှစ်မျိုး နှစ်စားရှိပါတယ်၊ ၂၅ စီစီ ခွက်သေး နဲ့ ၅၀ စီစီ ခွက်ကြီးပါ၊ အဲဒါကြောင့် လီတာ သန်း
နှစ်ထောင်ဆိုတာ ခွက်သေးပေါင်း သန်း ရှစ်ထောင် သို့မဟုတ် ခွက်ကြီး သန်း လေးထောင်မျှ တနှစ်
တနှစ်ကို ပြင်သစ်တွေ သောက်သုံးကြတယ်လို့ ဆိုနိုင်ပါတယ်၊ ဒီစာရင်းမှာ ပြင်သစ်ပြည်ကြီးကို လာ ရောက်လည်ပတ် ကြသူများကို ထည့်တွက်မတွက်တော့ မောင်ရင်ငတေ မသိပါဘူး။

၂၀၁၇ ခုနှစ် စာရင်းများအရ ပြင်သစ်နိုင်ငံတဝှန်းမှာ နေထိုင်ကြတဲ့လူဦးရေက ၆၅ သန်း ပြည့်ခါနီးပါ၊ အဲဒီထဲမှာ အသက် ၁၈ နှစ်အောက်က ရာခိုင်နှုန်း ၂၀ ကျော်ကျော်သာရှိတာပါ၊ ရာခိုင်နှုန်း ၂၀ နီးပါး ရှိတဲ့ ၆၅ နှစ်အထက် ဘိုးတော်ဘွားတော်များကလည်း သောက်သုံးနိုင်သူများ ဖြစ်ကြပါတယ်၊ အဲဒါ ကြောင့် သောက်သုံးနိုင်သူဦးရေက သန်းလေးဆယ်ကျော်မျှမက ရှိနေတာပါ။

တရားဝင်သောက်ခွင့်မရသေးတဲ့ ၁၈ နှစ်အောက်ကလေးတွေကို ဖယ်ထုတ်လိုက်ရင် လူတယောက် ချင်းစီ သောက်သုံးကြမှုက တနှစ်တာ ကာလ ၃၆၅ ရက်မှာ လီတာ ၄၀ မျှ ရှိပါတယ်။

ဒါပေမယ့် ပြင်သစ်ဟာ လူတယောက်ချင်း ဘီယာသောက်သုံးမှုမှာ ကမ္ဘာ့အဆင့် ၂၆ မှာသာ ရှိနေပါ တယ်၊ ဝိုင် သောက်သုံးသူ များပြားလှလို့လည်း ဖြစ်နိုင်ပါတယ်၊ ချက် ဂျာမန် သြစတြီးယန်း အိုင်းရစ် ဘယ်လ်ဂျီယံ ဗြိတိသျှ အက်စပန်ညောတို့ရဲ့ နောက်မှာသာ ရပ်တည်နေတာပါ၊

ဂျာမန်တွေရဲ့ဘီယာသောက်သုံးမှုကတော့ ကြောက်ခမန်းလိလိပါ၊ ချက်ထက်သာတယ်လို့တောင်မှ ပြောနိုင်ပါတယ်၊ ချက်လူဦးရေက အားလုံးပေါင်းမှ ဆယ်သန်းမပြည့်ပါဘူး၊ ဂျာမန်က သန်းရှစ်ဆယ် ကျော်မျှ ရှိပါတယ်၊ ဒါကြောင့် ဂျာမဏီပြည်မှာ တနှစ် ဘီယာလီတာ သန်းရှစ်ဆယ် အမြှောက် ၁၀၇
စုစုပေါင်း ဘီယာလီတာ သန်းပေါင်း ကိုးထောင့်ငါးရာခန့် သောက်သုံးကြတယ် ဆိုရပါမယ်၊ ပြင်သစ် ထက် ခြောက်ဆမျှ ရှိပါတယ်၊ ဘီယာကြိုက်သူတွေအကြား အပြောများကြတာကတော့ ဂျာမန်တွေ ချက်သမျှ ဘီယာတွေဟာ ဂျာမန်တွေသောက်တာနဲ့တောင် မလုံလောက်ချင်ပါဘူးတဲ့၊ အဲဒါကြောင့် ထင်ပါရဲ့၊ ဂျာမဏီရောက်တိုင်းသောက်ခဲ့ရသမျှ ဂျာမန်ဘီယာ အမည်တွေကတော့ ခေါ်ရခက်သလို ကမ္ဘာကျော် အမှတ်တံဆိပ်တွေလည်း မဟုတ် မှတ်လည်း မမှတ်မိနိုင်တဲ့ အမည်တွေသာ ဖြစ်ကြပြီး မကောင်းတာ မရှိ အားလုံးကောင်းပါသည် ခင်ဗျလို့သာ ပြောရပါမယ်။

မောင်ရင်ငတေ့အတွက်ကတော့ ဘီယာအရသာကို သိပ်ခံစား မသောက်တတ်ပေမယ့် ပုလင်းတွေ သံဗူးတွေထက်တော့ စည်ဘီယာ ခပ်အေးအေးကို ဆိုင်မှာ ဇိမ်ယူပြီး ထိုင်သောက်ရတဲ့ အရသာကို ပိုမိုလို့ ကြိုက်နှစ်သက်မိရကြောင်းပါ ခင်ဗျာ။
အဲ့ တခု ပြောစရာ ရှိတာကတော့ ဘီယာ သောက်သုံးမှီဝဲလို့ ကျန်းမာရေးမှာ
ဘယ်လောက် ထိခိုက်ပါသလဲဆိုတာကိုတော့ မောင်ရင်ငတေရဲ့ ကဏ္ဍမဟုတ်လို့ ဒီနေရာမှာ ထည့် သွင်း မပြောကြားလိုပါဘူး ဆိုတာပါ။

ပြောချင်မိရတာကတော့ ဘီယာကို အကြိုက်သောက်သုံးကြသူများ ဖြစ်ကြပါတဲ့ ဂျာမန်ကြီးတွေက သက်တော် ၈၀ ကျော် ချက်သူချက်သားတွေက ၈၀ နီးပါး ကျန်တဲ့ ပြင်သစ်တွေ အင်္ဂလိပ်တွေ စပိန် နဲ့ သြစတြီးယန်းတွေကလည်း ရှစ်ဆယ်ထက်တော့မလျော့ နေသွားကြသူတွေ များလှပါတယ်။

ဒါတွေအားလုံးဟာ မောင်ရင်ငတေပြောတာ မဟုတ်ပါဘူး ခင်ဗျ၊ ပြင်သစ်စာ တပုဒ်ကို အမှတ်မထင် ဖတ်လိုက်ရပြီး သိထားသမျှကို ပြန်လည် ဖောက်သည်ချခြင်းမျှသာ ဖြစ်ပါတယ်။

မောင်ရင်ငတေ့ သက်တော်ကတော့ ဆုတောင်းပေးကြသူတွေရဲ့ ဆန္ဒအတိုင်း သက်တော်ရာကျော် ရှည်လိမ့်မယ်လို့တော့ ထင်မိရကြောင်းပါ။

ကျေးဇူးအထူးပါ၊
မောင်ရင်ငတေ ၁၇၀၅၂၀၁၆


mardi 2 mai 2017

** * ဖတ်စ်လေဒီ စတိုရီ ** *

မာခွန်ရဲ့ ဖန်တီးရှင် သို့မဟုတ်
အာဝါ နယူး ဖတ်စ်လေဒီ စတိုရီ






** * ဆယ့်တကြိမ်မြောက် သမ္မတ ရွေးပွဲ ** *

ပဉ္စမ ပြင်သစ် သမ္မတ နိုင်ငံတော်
ဆယ့်တကြိမ်မြောက် သမ္မတ ရွေးပွဲ













** * ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်) ** *

နှစ်ဆယ်ကျော်အလွမ်း ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်) နှစ်အစိတ်နီးပါးက မှုန်ဝါးဝါးကျန်                                                ...

Google+ Badge

Google+ Followers