Libellés

mercredi 26 avril 2017

** * ခရီးကြိုနိဒါန်း ပင်လယ်မရှိသောမြေသို့ စာစု (၁) * **

ပါရီရှန်ဂန် အစုန်အဆန် 
(ခရီးမှတ်တမ်း ပုံရိပ်များ)

ပင်လယ်မရှိသောမြေသို့  စာစု (၁) (ခရီးကြိုနိဒါန်း)





















ခရီးကြိုနိဒါန်း


မောင်ရင်ငတေ


ပင်လယ်မရှိသောမြေသို့

စာစုများ



(ခရီးကြိုနိဒါန်း)

lundi 24 avril 2017

** * ဆယ့်တကြိမ်မြောက် သမ္မတ ရွေးပွဲ ** *

 ပဉ္စမ ပြင်သစ် သမ္မတ နိုင်ငံတော်
ဆယ့်တကြိမ်မြောက် သမ္မတ ရွေးပွဲ











vendredi 14 avril 2017

* ** ပွင့်လိုက်ပါပန်းပိတောက်ရယ် ** *

ပွင့်လိုက်ပါပန်းပိတောက်ရယ် 




ပွင့်လိုက်ပါပန်းပိတောက်ရယ်

မမြုံပါနဲ့တော့ ပန်းပိတောက်ရယ်
မင်းကိုယ်တို့ကို အချစ်ကုန်ပေမယ့်
မင်းမြို့မင်းတော့ အချစ်မကုန်စေချင်ဘူး၊

တနှစ်တခါတော့ မှန်မှန်ပွင့်စမ်းပါ ပန်းပိတောက်ရယ်
မင်းရဲ့မြို့သူမြို့သားတွေ တယောက်ဆင်းတယောက်တက်သွားပေမယ့်
မင်းရဲ့မြို့ကလေးကတော့ အပြုံးမပျက် အမုန်းမဖက်ပါဘဲ
လက်ယပ်လို့ ကြိုနေဆဲ နှုတ်ဆက်မြဲပါကွယ်၊

ဒီမြို့လေးမှာနေ ဒီမြို့ရေကိုသောက်သုံးခဲ့ပြီးမှ
ဒီမြို့ကို သစ္စာဖောက်ရက်လေသူ
တယောက်နှစ်ယောက်သုံးလေးယောက်နဲ့တော့
မင်းဘာသာမင်း တနှစ်တခါသာ မှန်မှန်ပွင့်စေချင်ပါတယ် ပန်းပိတောက်ရယ်၊

ရာသီတွေပြောင်း နှစ်တွေညောင်းပြီး
မင်းရှိရာ ဒီမြို့လေးကို ပြန်မလာဖြစ်သေးတဲ့
မြို့ချစ်သူ အဟောင်းကြီးတွေကလည်း
ဒီမြို့လေးမှာ ဒီပိတောက်ပန်းတွေ လှိုင်လှိုင်ပွင့်တာ
အဝေးတနေရာကနေ မြင်ချင်တာပေါ့ ပန်းပိတောက်ရယ် ။။။

ဖိုးဇီးရိုး ၁၄၀၄၂၀၁၄
အနှစ်ငါးဆယ်ပြည့် တန်ခူးလပြည့်နေ့ ၁၃၇၆ အမှတ်တရ

(အင်တာနက် တနေရာမှ ယူသုံးထားသော ပန်းပိတောက်ပုံပါ) 
https://maungyinngatay.blogspot.fr/2015/04/blog-post.html
http://moemaka.com/archives/36910
https://www.facebook.com/photo.php?fbid=783940624952400&set=a.103426853003784.7136.100000094105776&type=3
https://www.facebook.com/onthisday/?source=promotion_feed_story&story_id=990595564286904




သင်္ကြန် ၁၃၇၆

သြော သင်္ကြန်သင်္ကြန်
ရင်ထဲမှာ တဒုန်းဒုန်းနဲ့
လာမည်နေတာ သင်္ကြန်၊

ဗမာသင်္ကြန်
မြန်မာသင်္ကြန်
ရိုးရာသင်္ကြန်
ရွိင်ရယ်သင်္ကြန်
ဝီစကီသင်္ကြန်
အိတ်စ်ပို့စ်သင်္ကြန်
ခေတ်သစ်သင်္ကြန်
ခွက်စုတ်နဲ့ပက်တဲ့သင်္ကြန်
ရွမျိုးစုံအောင်ရွကြတဲ့သင်္ကြန်၊

အဲဒီသင်္ကြန်မဟာအခါသမယမှာ
မူးလည်းမူးသူများ ရူးလည်းရူးသူများ ထူးလည်းထူးသူများ၊

တချို့တွေကလည်း
သိက္ခာတွေသမာဓိတွေနဲ့ 
လူ့လောကကို လေးငါးရက်စွန့်ခွာပြ၊

တချို့တွေကလည်း
စာအုပ်ကလေးတွေပိုက်ပြီး
တချို့တွေကလည်း
သီချင်းလေးတွေညည်းရင်းဆိုရင်း
လေးငါးရက် အနားယူကြ၊

သြော် သင်္ကြန်သင်္ကြန်
ဒီလိုနဲ့ ၁၃၇၆၊ ဒီလိုနဲ့ ၁၃၇၇၊ ဒီလိုနဲ့ ၁၃၇၈ …၊ ။။။


ဖိုးဇီးရိုး ၁၄၀၄၂၀၁၄ တန်ခူးလပြည့်နေ့ ၁၃၇၆

https://www.facebook.com/onthisday/?source=promotion_feed_story&story_id=990595564286904 

jeudi 13 avril 2017

** * စီ ဒီ ဂျီ ပါရီ (ပင်လယ်မရှိသောမြေသို့) မှ အပြန် ** *

ခရီးသွားခြင်းအနုပညာ (ပြင်သစ်ဆိုတာ)
စီ ဒီ ဂျီ ပါရီ (ပင်လယ်မရှိသောမြေသို့) မှ အပြန်


Aéroport de Paris-Charles-de-Gaulle


စီ ဒီ ဂျီ ပါရီ Aéroport de Paris-Charles-de-Gaulle                                    (ဓါတ်ပုံ မရငတ)

စီ ဒီ ဂျီ ပါရီ
အမြင့်ပေ နှစ်သောင်းခန့်က ရှားရှားပါးပါး မြင်တွေ့ခွင့် ရခဲ့တဲ့ စီဒီဂျီ ပါရီ လေဆိပ်၊

အမြဲတမ်း မှုန်မှိုင်းအုံ့ဆိုင်းနေတတ်ပါတဲ့ ပါရီကောင်းကင်ပြင်ကြီးက တိမ်ဖြူဖြူတွေနဲ့ သာယာနေချိန် ဆိုရင်တောင်မှ စီဒီဂျီ ပါရီလေဆိပ်ကို ဆင်းသက်မယ့် လေယာဉ်တွေပေါ်ကနေ ဒီလို မြင်ကွင်းမျိုးကို တွေ့မြင်ခွင့် မရနိုင်ပါဘူး။

မောင်ရင်ငတေ မြင်တွေ့ခွင့်ရခဲ့တာက ပါရီကောင်းကင်ပြင်ကြီးက နေကျဲကျဲ ပူနေချိန် ဖြစ်နေလို့ရယ်
စီဒီဂျီ ပါရီကို ဆင်းတဲ့ လေယာဉ်မဟုတ်ဘဲ အော်လီလေဆိပ်ကိုဆင်းမယ့် လေယာဉ် ဖြစ်နေလို့ရယ် မောင်ရင်ငတေ ထိုင်တဲ့ဘက်က ပါရီဘက်ကို တွေ့မြင်ရတဲ့အခြမ်း မဟုတ်ပါဘဲ မြို့ပြင်ဘက် အခြမ်း ဖြစ်နေတာကြောင့်ရယ် မောင်ရင်ငတေရဲ့ထုံးစံ မအိပ်မငိုက် မြင်ရသမျှကို မျက်ခြေမပြတ်ကြည့်လာ မိတာကြောင့်ရယ် မြင်တွေ့ မှတ်တမ်းတင်ခွင့် ရရှိလာခဲ့တာပါ။


စီ ဒီ ဂျီ ပါရီ Aéroport de Paris-Charles-de-Gaulle                                    (ဓါတ်ပုံ မရငတ)

အဲဒီလို ရှားရှားပါးပါး မြင်တွေ့ခွင့် ရခဲ့တာလေးကို အများပြည်သူတွေအတွက် မျှဝေခံစားလိုက်ရခြင်း သာပါ ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးး

ကျေးဇူးအထူးတင်ပါတယ်၊
မောင်ရင်ငတေ ၁၃၀၄၂၀၁၇
(မတ် ဧပရယ် ၂၀၁၇ ခုနှစ် ပင်လယ်မရှိသောမြေသို့)

စီ ဒီ ဂျီ ပါရီ အကြောင်း အတိုအစများ သိချင်တယ် ဆိုပါက့

ခရီးသွားခြင်းအနုပညာ (ပြင်သစ်ဆိုတာ)့ 
ပါရီမြေကိုစနင်းသူများ သို့မဟုတ် ပြင်သစ်ပြည်သို့ ပထမဝင်ပေါက်



** * ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်) ** *

နှစ်ဆယ်ကျော်အလွမ်း ကေအယ်လ် ကလန်းမှ ကပါသို့ (တစ်) နှစ်အစိတ်နီးပါးက မှုန်ဝါးဝါးကျန်                                                ...

Google+ Badge

Google+ Followers