Libellés

mardi 31 mai 2016

** လူဝီဗီတွန် (သို့မဟုတ်) မိတ်အင်ပြင်သစ် ခရီးဆောင်သေတ္တာ အကြောင်း ** *

ဘဝထဲကလူသား

လူဝီဗီတွန် (သို့မဟုတ်) မိတ်အင်ပြင်သစ် ခရီးဆောင်သေတ္တာ အကြောင်း

ရှောင်ဇေလီဇေလမ်းမကြီးပေါ်က Louis Vuitton        (ဓါတ်ပုံ မရငတ)

နာမည်ကြီး အိတ်တွေရောင်းတဲ့ လူဝီဗီတွန်ဆိုတဲ့ဆိုင် ရှိတာကိုတော့ ပါရီရောက်စကထဲက 
သတိပြု မိပါတယ်၊ 

တရက်မှာတော့ လန်ဒန်မြို့မှာ ရောက်ရှိ နေထိုင်နေတဲ့ မောင်ရင်ငတေရဲ့ အသိမိတ်ဆွေ 
တယောက် ရာက်ရှိလာတဲ့အခါမှာ သူ့ရဲ့ချစ်ရည်းစားအတွက် လက်ဆောင် အိတ်တလုံးဝယ်ဖို့ 
အစီစဉ်ရှိပြီး ဆိုင်ကိုလိုက် ပို့ခိုင်းပါတယ်၊

မာင်ရင်ငတေလည်း ကိုယ်လိုက်ပို့တဲ့ သူတွေထဲက တခါဖူးမျှ ဝယ်ယူဖို့ 
အထမမြောက်ခဲ့တာတွေဘဲ ကြုံတွေ့ခဲ့ရတာကြောင့် ဒီတခါတော့ အောင်မြင်စွာနဲ့ 
ဝယ်ဖြစ် တော့မယ် ထင်ခဲ့ပါတယ်၊ 

ဝယ်ပြီးသွားရင်တော့ မှတ်တမ်းတင် ဓါတ်ပုံလေးတွေ ရိုက်ရအုံးမယ်ဆိုပြီး ကင်မရာ 
တပြင်ပြင်ပေါ့ဗျာ၊ ဒါပေမယ့် ဒီတခါလည်း မဝယ်ဖြစ်ခဲ့ပါဘူး၊ ဈေးကလည်း ကြီးလှသကိုဗျ၊ 
ဘာမဟုတ်တဲ့ အိတ်ကလေး တလုံးကို ၇၇၀ ယူရိုလား ကျသင့်တာလေ၊ 

တလလုံး ၁၅၆ နာရီ ပင်ပင် ပန်းပန်း အလုပ်လုပ်ပြီးမှ ယူရို ၁၂၀၀ လောက်ရတဲ့
မာင်ရင်ငတေ အနေနဲ့ကတော့ ဒီအိတ်ကလေး လွယ်ပြီး ရှိုးများချင်တာမျိုး 
အားမပေးလိုပါဘူးဗျ၊ 

မတော်တဆ ခါးပိုက်နှိုက်လုသူတွေက ပါရီမြို့အနှံ့ ပေါမှပေါမဟုတ်လား၊ အိတ်ထဲမှာ 
အကြွေးကဒ်ပြားတွေ သာပါပြီး တခြားတန်ဖိုးရှိတာဆို ဘာဆိုဘာ တခုမှ မပါရှိတဲ့ 
ငါးရာကျော်တန်တဲ့ အိတ်ဆိုပြီး အပြောခံရ ရင်လည်း ရှက်စရာ မဟုတ်လား၊

ပြီးတော့ အစစ်နဲ့အတု ဘယ်လိုမှ ခွဲခြားသိနိုင်ဖို့ မလွယ်ကူတဲ့ ဒီလို 
အိတ်မျိုးတွေက တောင်ဥက္ကလာ ချုပ်လား မိတ်အင်ပါရီလား ဘယ်သိနိုင်ပါ့မလဲနော့၊

မာင်ရင်ငတေ အနေနဲ့က ဒီကနေ့မှာ နာမည်ကျော်ကြား လူကြိုက်များနေတဲ့ 
အဲလို ဈေးကြီးကြီး အိတ်မျိုး ကို စိတ်မဝင်စားခဲ့ပေမယ့် အဲဒီလို အိတ်လုပ်ငန်းကို စတင် 
ကြံဆလို့ တီထွင်လုပ်ကိုင်ခဲ့သူ Louis Vuitton ဆိုတဲ့ ပုဂ္ဂိုလ်ကြီး အကြောင်းကိုတော့ 
စိတ်ဝင်စားမိရ လေးစားမိရပါတယ်၊

Louis Vuitton 1854                 (Photo Google)

ဒီ နာမည်ကြီး ခရီးဆောင်အိတ်တွေ လက်ဆွဲအိတ်တွေကို ချုပ်လုပ်ပြီး 
သက်မွေးဝမ်းကျောင်းခဲ့ရတဲ့ Louis Vuitton မွန်စီယာ လူဝီဗီတွန် (၁၈၂၁-၁၈၉၂) ကို
ပင်သစ် အရှေ့တောင်ပိုင်းက ဆွစ်ဇာလန် နယ်စပ်အနီး ဂျူရာတောင်ခြေ Anchay 
မြို့စွန်နားက လူဦးရေ တရာ့ငါးဆယ်ခန့်သာ နေထိုင်ကြတဲ့ ရွာကလေးမှာ
မွးဖွားခဲ့တာပါ၊ 

သူ့အသက် ဆယ်နှစ်ကျော်ခန့်မှာ သူ့မိခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး 
သူ့ရဲ့ဖခင်ဖြစ်သူကလည်း နောက် အိမ်ထောင်ပြုခဲ့လို့ သူဟာ အိမ်ကနေထွက်ခွာ 
လာခဲ့ရပါတယ်တဲ့၊

၁၈၃၅ ခုနှစ်မှာ လူဝီဗီတွန် အိမ်ကထွက်လာတော့ လက်ထဲမှာ ငွေတပြားတချပ်မှ မရှိလို့ တွေ့ရာရရာ အလုပ်လုပ်ပြီး တွေ့ကရာ အမိုးအကာအောက်မှာ
ဖစ်သလိုသာ အိပ်ခဲ့ရပြီးနောက် နှစ်နှစ်ကြာမှသာ  မြို့တော်ပါရီမြေကို ခြေချမိပါတယ်တဲ့၊ 

ပါရီရောက်အောင် ကီလိုမီတာ လေးရာကျော် မိုင်သုံးရာနီးပါး ခရီးကို ခြေလျှင်လျှောက်
ရာက်ရှိ လာခဲ့တာပါတဲ့၊ 

အသက် ၁၆ နှစ်သားအရွယ် ၁၈၃၇ ခုနှစ်မှာ ပါရီ မြို့ကို ရောက်ရှိလာခဲ့ပြီး 
ရရာအလုပ် ပေါင်းစုံကို လုပ်ကိုင်ခဲ့ပြီး ၁၈၅၄ ခုနှစ်မှာတော့ Maison Louis Vuitton လို့ 
အမည်ရတဲ့ ခရီးဆောင် အိတ်မျိုးစုံ ချုပ်လုပ်တဲ့ လုပ်ငန်းကို စတင် တည်ထောင်နိုင်ခဲ့ပါ 
တယ်တဲ့၊ 

အဲဒီအချိန်က ဥရောပတလွှားမှာ စက်မှုတော်လှန်ရေးကြီးရဲ့ နောက်ဆက်တွဲ 
ရလဒ်အဖြစ် မီးရထားနဲ့ ခရီးသွားလုပ်ငန်းတွေ ထွန်းကားလာခဲ့တာမှာ လူဝီဗီတွန်ရဲ့ 
ခရီးဆောင်လက်ဆွဲသေတ္တာ လုပ်ငန်းဟာ တရှိန်ထိုးအောင်မြင်ခဲ့တာပါ၊ 

ကင်းဗတ်စ သားရေစများနဲ့ ခိုင်ခိုင်ခန့်ခန့် ချုပ်လို့ထားတဲ့ သူ့ရဲ့ လက်ဆွဲသေတ္တာများကို 
ကြိုက်နှစ်သက်သူ ကတော့ အဲဒီအချိန်က အာဏာသိမ်းပြီး ဘုရင်ဖြစ် လာတဲ့ Louis-Napoléon Bonaparte (Napoleon III) တတိယမြောက် နပိုလီယံ (၁၈၀၈-၁၈၇၃) ရဲ့ မိဖုရားကြီးဖြစ်သူ 
စပိန်မင်းသမီး Eugénie de Montijo (၁၈၂၆-၁၉၂၀) ဖြစ်ပါတယ်၊ 

လူဝီဗီတွန် တယောက် တတိယ နပိုလီယံ မိဖုရားကြီးရဲ့ အိတ်ချုပ်တော် ဖြစ်လာခဲ့သလို အဲဒီချိန်က ပြင်သစ်ရဲ့ အာဏာ အရှိဆုံးသောသူက လူဝီဗီတွန် လက်ဆွဲသေတ္တာများရဲ့
ဖာက်သည်ကောင်း ဖြစ်လာခဲ့လို့ လူဝီဗီတွန် လက်ဆွဲသေတ္တာများကို ပိုမိုလူကြိုက် များအောင် ကြော်ငြာပေးသလို ဖြစ်ခဲ့တာပါ၊ 

၁၈၉၂  ခုနှစ်မှာ လူဝီဗီတွန် ကွယ်လွန်ခဲ့ပြီးနောက် သူ့ရဲ့သားဖြစ်သူက 
အိတ်ချုပ်လုပ်ငန်းကြီးကို ဆက်လက် ဦးစီးပြီးတော့ လုပ်ကိုင်ခဲ့ပါတယ်၊

ပျိုပျိုအိုအိုတို့အကြိုက် ချစ်ချစ်အတွက်စလင်းဘက်      (ဓါတ်ပုံ မရငတ)       

လူဝီဗီတွန်ရဲ့ အိတ်တွေဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေမယ့် အရောင်အသွေးနဲ့ 
ဒီဇိုင်းပုံစံတွေက သိသိ သာသာကြီး ပြောင်းလဲလို့ မသွားခဲ့ပါဘူး၊ အများအားဖြင့် 
နဂိုမူလအရောင်ဖြစ်တဲ့ ညိုပုတ်ပုတ် ညိုရင့်ရင့် အရောင်က အခုထက်ထိတိုင်ပါ၊

ခေတ်ပေါ်မော်ဒယ်မလေးများအကြိုက် ခပ်လန်းလန်းပုံစံ အရောင် 
ခပ်တောက်တောက်တွေတော့ ရှိနေပေမယ့်လို့ ခရီးသွားသေတ္တာတွေကတော့ 
မူလပုံစံကို အခုထိတိုင် အခြေခံထားတာကိုတော့ ထူးခြားစွာတွေ့ရှိ နေရပါတယ်၊ 

ပါရီမြို့ကို စရိတ်ပိုက်ဆံမရှိလို့ မိုင်ပေါင်းသုံးရာခရီးကို နှစ်နှစ်ကျော်ကြာ လမ်းလျှောက်လာခဲ့ရတဲ့ လူဝီဗီတွန့် နာမည်နဲ့ လုပ်ငန်းကြီး တခုဟာ လူဝီဗီတွန် ကွယ်လွန်ခဲ့ပြီး နှစ်ပေါင်းတရာ့နှစ်ဆယ်
ကျော်ကြာ မှာတော့ နာမည်ကြီးသထက် ကြီးရုံမျှမက တခြားသောပြင်သစ်ပြည်ရဲ့ 
အထင်ကရလုပ်ငန်းကြီးများဖြစ်ကြတဲ့ Moët & Chandon ရှန်ပိန်လုပ်ငန်းတို့ 
Hennessy ကော့ညှက်ဘရန်ဒီလုပ်ငန်းတို့ Christian Dior နဲ့ Givenchy
ရမွှေး ထုတ်လုပ်ရေး လုပ်ငန်းတို့ Sephora ရေမွှေး အရောင်းဆိုင်လုပ်ငန်း ပြင်သစ်နိုင်ငံရဲ့ 
၁၈၃၈ ခုနှစ် မှာ ဖွင့်လှစ်ခဲ့တဲ့ ပထမဆုံးသော Le Bon Marché  ဆူပါမားကက်လုပ်ငန်း 
ဂျပန်လူမျိုး Kenzo Takada ထူထောင်ခဲ့တဲ့ Kenzo ဖက်ရှင်ပစ္စည်းလုပ်ငန်းများအပါအဝင် 
အခြားအခြားသော လုပ်ငန်းကြီးပါင်း များစွာ ဟာ အခုအခါမှာတော့ ပြင်သစ် 
ဘီလျှံနာသူဋ္ဌေးကြီး Bernard Arnault (၁၉၄၉-**) ဦးစီးတဲ့ LVMH လုပ်ငန်းကြီးအာက်မှာ 
စုရုံးရောက်ရှိလို့ နေပါပြီ၊ 

အဲဒီ လုပ်ငန်း အမည်မှာတော့ လူဝီဗီတွန်ကို ထိပ်စီးက တင်ထားတာကို တွေ့ရပါတယ်၊ 

လူဝီဗီတွန် ပစ္စည်းတွေဟာ ဘယ်တော့မှ လျှော့ဈေးမရှိပါ ဆိုပြီး နာမည်ကြီးပေမယ့် 
အွန်လိုင်းဈေးကွက် မှာတော့ဈးခပ်ပေါပေါနဲ့ ရောင်းချနေကြတာကို တွေ့မြင်ရလေ့ရှိလို့ 
စစ်သလားတုသလား ဆိုတာကိုတော့ မောင်ရင်ငတေလို ခပ်တုံးတုံးခပ်အ အကောင် ကတော့ 
ခန့်မှန်းနိုင်မှာ မဟုတ်ပါဘဲ လူဝီဗီတွန် ကြိုက်နှစ် သက်သူများသာ ခွဲခြားသိနိုင်ကြမှာပါ၊

ခရိုဏီဘဘတို့အကြိုက် ခရီးဆောင်သေတ္တာ      (ဓါတ်ပုံ မရငတ)

လူဝီဗီတွန်ရဲ့ အိတ်များကို အရူးအမူး ကြိုက်နှစ်သက်သူများကတော့ အာရှနဲ့ အာဖရိကက 
သူဋ္ဌေး လက်သစ်များ ဖြစ်ကြတယ်လို့ ဆိုပါတယ်၊ 

ဂျပန်ပြည်မှာတော့ လူဝီဗီတွန် ဒီဇိုင်းသစ် စတင်ရောင်းချ ပေးမယ့်ရက်ဆိုရင် ညအိပ်တန်းစီလို့
စာင့်ဝယ်ကြသူ ပိုက်ဆံဖြုန်းနိုင်တဲ့ ဂျပန်လူငယ်အများအပြား ရှိပါတယ်လို့ တိုကျိုမြို့ရောက်
မာင်ရင်ငတေရဲ့ သူငယ်ချင်းက ပြောပြပါတယ်၊ 

ကိုယ်တွေ့ ကြုံရဖူး တာကတော့ ပါရီမြို့ ရှောင်ဇေလီဇေလမ်းမကြီးပေါ်က လူဝီဗီတွန် 
အရာင်းဆိုင်ရှေ့မှာ ရပ်ကြည့်ရင်း မယောင်မလည်လုပ်နေခိုက်မှာ ဟောင်ကောင်တရုတ် 
တိုးလ်ရစ်တယောက်လား ပါရီတရုတ်တန်းက တရုတ်မလား မသိပါဘူး၊

မာင်ရင်ငတေကို လာလည်တဲ့သူတဦးလို့ ထင်ပြီးတော့ လူဝီဗီတွန်အိတ်  
ကောင်းကြောင်းတွေပြောပြီး မဝယ်လိုပါက သူ့ရဲ့ကိုယ်စား ပတ်စ်ပို့စ်စာအုပ်ပြဝယ်ပေးဖို့
တာင်းဆို လာပါတယ်၊ 

ပါရီမြို့က လူဝီဗီတွန်ကိုဝယ်ပြီး ဟောင်ကောင်တိုင်ဝမ် မကာအို တရုတ်ပြည်မှာ ပြန်ပြီး
ရာင်းရင် မြိုးမြိုးမြက်မြက် မြတ်ကြလို့ အဝယ်များတဲ့ သူတို့လူမျိုးတွေ ပုံစံဆိုရင် ပတ်စ်ပို့စ် 
စာအုပ်နဲ့ အမှန်အကန် ခရီးသွားသူတယောက်ဖြစ်မှသာ ရောင်းချပေးတာဖြစ်ပါတယ်တဲ့၊ 

၇၈ ရာခိုင်နှုန်းသော ဂျပန်မလေးများဟာ ဟန်းနီးမွန်းခရီးစဉ်အဖြစ် 
ပါရီမြို့ကို ရွေးချယ်ကြကြောင်းနဲ့ ပါရီမှာ ဈေးဝယ်ချင် ကြကြောင်း အဲဒီအခါမှာ ဒီလို 
Louis Vuitton တံဆိပ် အိတ်ကလေးတလုံးကလည်း မပါမဖြစ် ပါဝင် ကြကြောင်းပါ၊ 

ထိုနည်းအတူ မောင်ရင်ငတေတို့ ရွှေပြည်တော်ဖွား မမပျိုပျိုအိုအိုတို့လည်း ခုအခါမှာ လူဝီဗီတွန် 
ပြိုင်ပွဲကြီး ထဲမှာ ပါဝင်ဆင်နွှဲလာကြသူတွေ ပိုလို့ပိုလို့ များပြား၍ လာနေကြောင်းပါခင်ဗျာ၊

မိတ်အင်ပြင်သစ် ခရီးဆောင်သေတ္တာ လူဝီဗီတွန်                   (Photo Google)

လူဝီဗီတွန်ရဲ့ မျိုးဆက်တွေကတော့ ဘယ်ရောက်လို့ ဘယ်ပေါက်ပြီး လက်ရှိ လူဝီဗီတွန် 
လုပ်ငန်းမှာ ဘယ်လိုပါဝင် ပတ်သက်နေတယ်ဆိုတာကို ရေရေရာရာမသိရှိနိုင်ပေမယ့် လက်ရှိ 
လူဝီဗီတွန်ပိုင်ရှင် သူဋ္ဌေးကြီးဖြစ်သူ ပြင်သစ်နိုင်ငံမှာ အခွန်ခဆောင်ရတာ များပြားလွန်းလှလို့ 
ဘယ်လ်ဂျီယံ နိုင်ငံသား အဖြစ် ပြောင်းလဲခံယူဖို့ ကြိုးစားခဲ့သူ Bernard Arnault တယောက် ကတော့ သူ့ရဲ့ လုပ်ငန်းတွေကို အောင်မြင်စွာနဲ့ တိုးချဲ့ရင်း တိုးချဲ့နေသလို 
*** လူဝီဗီတွန် *** ဆိုတဲ့ အမည်နာမကလည်း နောင် နှစ်ပေါင်း တော်တော်များများအထိ 
ဆက်လက်တည်ရှိနေအုံးမှာ မလွဲမသွေပါ ခင်ဗျာ၊

(ဥရောပမှာတော့ တတိယအချမ်းသာဆုံးသူဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးသော သူဋ္ဌေးကြီး စာရင်းဝင် အဲဒီ ဘီလျှံနာကြီး Bernard Arnault ရဲ့ ဘယ်လ်ဂျီယမ်နိုင်ငံသားအဖြစ် ပြောင်းလဲ 
ခံယူခဲ့မှုကတော့ မအောင်မြင် ခဲ့ပါဘူး ထင်ပါရဲ့၊ ဒီကနေ့ထိတိုင် ပြင်သစ်နိုင်ငံသား အဖြစ်နဲ့သာ  တည်ရှိနေပါ ခင်ဗျာ၊ ဘယ်သူတွေက ကန့်ကွက်လို့ ဘယ်သူတွေက ဘာလို့  
လက်မခံခဲ့ပါသလဲဆိုတာကို မောင်ရင်ငတေ စိတ်သိပ်မဝင်စားလို့ မစုံစမ်း မမေးမြန်းမိပါဘူး၊)

လူဝီဗီတွန်သေတ္တာနဲ့ ခရီးသွားကြမယ်            (Photo Google)

အတုအစစ် ခွဲခြားနိုင်ဖို့ နမူနာပါ၊ Counterfeit Louis Vuitton Pochette Multicolore
http://www.looksofluxury.com/blogs/authentic-vs-counterfeit/7247664-counterfeit-louis-vuitton-pochette-multicolore                                           
 http://moemaka.com/archives/36393   မတ်လ ၁၅၊ ၂၀၁၄

မောင်ရင်ငတေ ၁၅၀၃၂၀၁၄


လူဝီဗီတွန် နောက်ဆက်တွဲ

ထုံးစံအတိုင်း လူဝီဗီတွန်အကြောင်းပြန်ဖတ်ကြည့်တော့ လိုအပ်နေတာလေးတွေကို နည်းနည်းပါးပါး ပြုပြင်စရာရှိတာ ပြုပြင်ပါတယ်၊ နောက် ဖြည့်စရာရှိတာလေးတွေကိုလည်း ဖြည့်ချင်မိပါသေးတယ်၊

မွန်စီယာ လူဝီဗီတွန် (၁၈၂၁-၁၈၉၂) မွေးဖွားခဲ့ရာ Anchay ဆိုတာက ဒီကနေ့  
အင်တာနက် စာမျက်နှာများ နဲ့ ဂူဂဲလ်မြေပုံမှာတော့ Lavans-sur-Valouse ဆိုပြီးတွေ့ရပါတယ်၊ 
တာင်ကုန်းမို့မို့တွေကြား တောင်ယာစိုက်ခင်းတွေကြား ဟိုနားအိမ်လေး လေးငါးဆယ်လုံး ဒီနားအိမ်လေး လေးငါးဆယ်လုံးနဲ့ အိမ်စုအိမ်စုတွေထဲက အိမ်စုတစုကို Anchay လို့ ခေါ်ပါတယ်၊

Charbouilla, လူဝီဗီတွန် မွေးရပ်မြေကြီး

အဲဒီ ဂျူရာတောင်တန်းဒေသဆီသို့ ဒီနှစ်ထဲမှာ မောင်ရင်ငတေ နှစ်ခေါက်တိုင်တိုင် ရောက်ခဲ့ပါတယ်၊  
Anchay ရွာလေးကို ရောက်ဖူးချင်လို့ သွားဖို့ ကြိုးစားမိခဲ့ပါသေးတယ်၊  

ဒါပေမယ့် အဲဒီရွာပိစိလေးကို ဖြတ်သန်းသွားဖို့ ဘယ်လိုမှ လမ်းကြော မသင့်တာမို့ မရောက်ရှိခဲ့ရပါဘူး၊ အတော်ခေါင်တဲ့ ရွာလေးလို့သာ ပြောရပါတော့မယ်၊  

အဲဒီလမ်းကြောကို ဖြတ်သွားဖူးသူ မောင်ရင်ငတေ့ မိတ်ဆွေအပြောအရ သာမန် 
ရွာစုလေးတွေသာဖစ်ကြောင်း အေးအေးချမ်းချမ်းနဲ့ တောအလုပ်တောင်အလုပ်
တွေကိုသာ လုပ်ကိုင်စားကြသူတွေသာ ဖြစ်ကြောင်း ရွာလယ်လမ်းဆုံ ကွက်လပ်လေးကို 
Place Louis Vuitton အမည်ပေးထားတာတော့ တွေ့ခဲ့ရပါကြောင်း ဒါပေမယ့် မွန်စီယာ 
လူဝီဗီတွန်နဲ့ ပတ်သက်နေတာကို ဘယ်သူကမှ ဂရုစိုက်ကြဟန် မတူကြကြောင်းကိုပါ ခင်ဗျာ၊ 

အဲဒါနဲ့ မောင်ရင်ငတေလည်း အပြင်မှာ တကယ်မရောက်ခဲ့ရပေမယ့် ဂူဂဲလ်မြေပုံကနေ  
သွားကြည့်လိုက်တာ့ အဲသလို ဖြစ်နိုင်ခြေက တရာ ရာနှုန်းပါ ခင်ဗျား၊ တကယ်ပါ၊

လူဝီဗီတွန် မွေးဖွားခဲ့ရာ Charbouilla ဆိုတဲ့ မြေနေရာကတော့ 
Ancheronne ရေချောင်းသေးသေး ကလေးရဲ့ နဘေးက ခြုံတောကြီး တခုအဖြစ် Anchay 
အိမ်စုလေးတွေရဲ့ မလှမ်းမကမ်းမှာ တွေ့မြင် ရမှာပါတဲ့၊ ဘယ်လိုဖြစ်ဖြစ်ပါ၊ 

သူလိုနာမည်ကျော်တယောက်ရဲ့ မွေးရာမြေကိုတော့ မောင်ရင်ငတေ ရောက်ဖူးချင်ပါသေးတယ်၊ 
အခြေအနေ ပေးလာခဲ့ရင်တော့ ရောက်အောင် သွားပါဦးမယ်၊


အဲဒီ ခပ်ခေါင်ခေါင် လူမသိသူမသိ ရွာသားလေးရဲ့ အမည်က ကမ္ဘာအရပ်ရပ်မှာ မသိသူ မရှိတော့တဲ့ နာမည်အကြီးဆုံးသော ဈေးအကြီးဆုံးသော အမှတ်တံဆိပ်တွေထဲမှာ 
ထိပ်ဆုံးက တံဆိပ်တခုအဖြစ် ရပ်တည်လာခဲ့တာကို မောင်ရင်ငတေ အသိအမှတ် ပြုပါတယ်၊

လေးစားမိရတာကတော့ လူဝီဗီတွန် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကိုသာပါ၊
လေးစားပါတယ်  . . . . . . . . ……. မွန်စီယာ လူဝီဗီတွန် ခင်ဗျား၊

မိုးမခ http://moemaka.com/archives/36393   မတ်လ ၁၅၊ ၂၀၁
လွင်ပြင် https://www.facebook.com/lwinpyinnews/posts/1045186955550320?__mref=message_bubble  

မောင်ရင်ငတေ https://maungyinngatay.blogspot.fr/2016/05/blog-post_31.html 

မောင်ရင်ငတေ ၃၁၀၅၂၀၁၆

samedi 28 mai 2016

** ရေချောင်းထဲမှာ လှေမောင်းသူများ ** *

ခရီးမှတ်တမ်းပုံရိပ်များ (ဘဝထဲကလူသား)
ရေချောင်းထဲမှာ လှေမောင်းသူများ

 Petite Venise de Colmar    (ဓါတ်ပုံ မရငတ)

ဒီတခေါက် မောင်ရင်ငတေ ခရီးသွားတော့ တွေ့မြင်ခဲ့ရတာလေးပါ၊
လှေမောင်းသူများလို့ ဆိုကြပါစို့၊

ပြင်သစ်ပြည်အရှေ့ပိုင်း ရှေးဟောင်းမြို့လေးတမြို့က Petite Venise ဆိုတဲ့ 
ရချောင်းလေးတွေထဲ မှာ အလုပ်လုပ်နေကြတဲ့ ဘဝထဲကလူသားများကိုပါ၊ 

သူတို့လေးတွေက လူငယ်လူရွယ်လေးတွေပါ၊ ကောင်မလေးတွေလည်း ပါပါတယ်၊ 
ခပ်ငယ်ငယ်ခပ်ချောချော ခပ်ဖြောင့်ဖြောင့်နဲ့ ခပ်တောင့်တောင့် လူဖြူထီးလူဖြူမလေးတွေပါ၊ 

သူတို့တတွေ အားလုံးဟာ ငယ်ငယ်ရွယ်ရွယ် အားကောင်းမောင်းသန် လျှင်မြန် 
တက်ကြွဖျတ်လတ်နေတဲ့ ပုံစံတွေကိုသာ တွေ့မိတာကြောင့် မောင်ရင်ငတေ 
မှတ်တမ်းတင်မိခဲ့ရခြင်းပါ၊ 

သူတို့ ပုံစံလေးတွေက ထူးခြားမှုတခု ရှိနေတယ် ထင်မိရလို့သာပါ၊

Petite Venise de Colmar            (ဓါတ်ပုံ မရငတ)

ပုံမှန်အားဖြင့်ကတော့ အဲဒီလို လှေမောင်းစားကြတဲ့ အလုပ်က အောက်ခြေအဆင့် အလုပ်မျိုး 
ဆိုပြီး သတ်မှတ်လို့ ရနိုင်ပါတယ်၊ ဘာမှသိပ်ထူးဆန်းထွေလာ ခက်ခဲနက်နဲလှတဲ့ အလုပ်မျိုး 
မဟုတ်ပါဘူး၊

တခြားသော အဲဒီလိုအလားတူ လုပ်ငန်းမျိုးတွေမှာလည်း သူတို့လို ခပ်ငယ်ငယ် 
လူငယ်လူရွယ်တွေ မရှိ မဟုတ် ရှိကြပါတယ်၊ ပရောဖက်ရှင်နယ်အမြဲတမ်း 
လုပ်သူတွေရဲ့အကြားမှာ ရောညှပ်တွေ့ရတာ မျိုးသာပါ၊ အဲဒီနေရာက ရေချောင်းထဲမှာ
လှမောင်းသူများ ကတော့ သူတို့လေးတွေချည်းသာပါ၊

မောင်ရင်ငတေတိုနဲ့ မျိုးတူနွယ်တူ ဒေသတူ ခပ်ဆင်ဆင်တူတဲ့ သူနဲ့များ
တွ့များတွ့လေမလားလို့ ရှာကြည့် မိပါသေးတယ်၊ တယောက်တလေမှ မတွေ့ရှိပါဘူး၊ 

ဒီလို နယ်မြို့လေးတွေဆိုတာကလည်း မောင်ရင်ငတေတို့လို ဘုမသိဘမသိ
ရွှ့ပြောင်းအခြေချတွေနဲ့ ကင်းဝေးရာနရာတွေ မဟုတ်လား၊

Petite Venise de Colmar                  (ဓါတ်ပုံ မရငတ)
 Petite Venise de Colmar                   (ဓါတ်ပုံ မရငတ)

တခုတော့ရှိတာပေါ့ခင်ဗျာ၊ ပြင်သစ်ပြည်မှာ သို့မဟုတ် ဥရောပလို နေရာမျိုးတွေမှာပေါ့၊ 
ဘယ်လိုမျိုး အလုပ်ကိုလုပ်လုပ် လမ်းဘေးအမှိုက်လှဲလှဲ၊ အိမ်သာဆေးဆေး ရရာဝင်ငွေကို
တရားဝင်ကြညာပြီး အခွန်သာဆောင်မယ်ဆိုရင် ပင်စင်ထိ ခံစားခွင့် ရှိပါတယ်၊ 

ဒါတွေကို ဒီနေရာမှာ ရေးရရင် ပေရှည်ပါ လိမ့်မယ်၊ ဒီအကြောင်း နားလည်သူတွေ တိတိကျကျ
လ့လာနိုင်သူတွေ ရေးရင် ပိုကောင်းမှာမို့လို့ မောင်ရင်ငတေ မရေးတော့ပါဘူး၊
မာင်ရင်ငတေကတော့ ခပ် ဝေဝေဝါးဝါးသမား တယောက်သာမို့ ခံစားမိရသလောက်သာ
ရးပါတယ်၊


အဲဒီလို ခံစားမိရပါတဲ့  .. . . .  .. . .. ဒါပေမယ့် . . . . . . .. . တခုတော့ ရှိတာပေါ့ . . . . ရဲ့ .. 
……. ….. . . .. . . . . . . နောက်က  .... .. .. . . . .. ..…. နောက်ထပ် 
တခုတော့ ရေးချင်မိပါသေးတယ်၊


အဲဒီ မောင်ရင်ငတေ ရေးချင်မိတဲ့  .. . . . . . . . .  .. . . . . . . . . . . . …… . . . … . …….. 
………
ဒါပေမယ့်က သူတို့လေးတွေရဲ့ ပုံပန်းသဏ္ဍန် သွင်ပြင်မူယာနဲ့ ပြောဟန် ဆိုဟန်တွေကို 
ကြည့်ရတာ မောင်ရင်ငတေတို့ရဲ့ ပါရီကို မနေ့ တနေ့ကမှ ရောက်ရှိလာပြီး ကြုံရာကျရာ 
ရရာအလုပ်ကို ရွေးချယ် စရာ မရှိ လုပ်နေကြရတဲ့ လမ်းနဘေးက ဈေးအရောင်း သမားလေး  
တွလို မဟုတ်ပါဘူး၊

လှမောင်း ကြတဲ့ သူတို့တတွေက လူဖြူစစ်စစ်တွေ ပုံစံမျိုးပေါက်သလို စကားပြောရာမှာလည်း
လိမ္မာ ပါးနပ်ကြပါတယ်၊ အလုပ်တပိုင်း ကျောင်းတပိုင်း ပုံစံမျိုးလည်း ပို၍ပေါက်ကြပါတယ်၊ 

ဂျာမန် ပြင်သစ် နယ်စပ် စည်းပေါ်မှာ ပေါက်ဖွားလာသူများ ဖြစ်ကြတာမို့ ဘာသာစကား နှစ်မျိုး
ပြောတတ်ကြသလို အင်္ဂလိပ် လိုလည်း လည်လည်ဝယ်ဝယ် ပြောနိုင်ကြသူတွေသာပါ၊ 

သူတို့လေးတွေက ဒီအလုပ်မျိုးလုပ်နေကြ တော့လည်း . . . .. .… 
အင်းးးးးးးးးးးးးးးးးးးးးးးး . . ..

မောင်ရင်ငတေတို့လိုကောင်တွေ အတွက် . . . . . ……. ရင်လေးမိရရုံမှတပါး . . . …… . 
……. မောင်ရင်ငတေ့ အတွေး ဒီမှာ ရပ်ပါပြီ၊

လှေ ရောက်လာပြီမို့   . . . .. . . . …. လှေ စစီးရတော့ မှာလေ၊

Petite Venise de Colmar                                                           (ဓါတ်ပုံ မရငတ)

ဒီ ဘဝထဲကလူသားများ သို့မဟုတ် ရေချောင်းထဲမှာလှေမောင်းသူများရဲ့ အကြောင်းက 
ဒီတခေါက် မောင်ရင်ငတေ အဲလ်ဇာ့စ်လွင်ပြင်ဆီသို့ ခရီးထွက်ခဲ့စဉ် လှေစီးရင်း အတွေးပွား 
မိရတာလေးတွေကို ပြန်လည်လို့ မှတ်တမ်းအဖြစ် အမှတ်တရ ရေးချလိုက်ခြင်းသာပါ၊

သူတို့လေးတွေကို မေးမြန်းအင်တာဗျူးပြီးမှ ဒီလိုရေးတာ မဟုတ်ပါဘူး၊ မောင်ရင်ငတေရဲ့ 
စိတ်ထဲက အတွေးတွေကိုသာ ရေးချခြင်း ဖြစ်လို့ တကယ် လက်တွေ့နဲ့ ကွာကောင်း ကွာပါ 
လိမ့်မယ်၊ 

ဒါပေမယ့် သေချာမေးမြန်း ကြည့်ရင်လည်း မောင်ရင်ငတေ့ စိတ်အတွေးနဲ့ သိပ်မဝေးနိုင်ပါဘူး 
ဆိုတာ ပြောရဲ ပါတယ် ခင်ဗျာ၊ အနည်းငယ်လောက် ကွာဟ တာကတော့ နေရာတကာမှာ 
မဟုတ်ပါလား၊

မောင်ရင်ငတေ ၂၇၀၅၂၀၁၆
. . . . ...... .. . ....... . ..... . .. . . .... ................... . . . . ............ . . .. . .. . .. . . . . .


နောက်ဆက်တွဲ မဟုတ်တဲ့ ဖြည့်စွက်ချက်များ



အဆုံးသတ်ပြီးကာမှ စာပြန်ချောရင်း ခေါင်းထဲဝင်လာတဲ့ အတွေးတခုကို ထည့်ရေးပါဦးမယ်၊ 
လှေစီးခနဲ့ သူတို့ရဲ့ဝင်ငွေကို တွက်ကြည့်ချင်မိတာပါ၊ လှေစီးခက လူကြီးတယောက် ခြောက် 
ယူရို ပါ၊ လှေတစီးကို ပျမ်းမျှခြင်း လူဆယ်ယောက်ထားတွက်ရင် ယူရိုခြောက်ဆယ်ပါ၊ 
တခေါက်ကို နာရီဝက် သုံးဆယ့်ငါးမိနစ်ခန့် ကြာပါတယ်၊ 

တနာရီ ပျမ်းမျှနှစ်ခေါက်နှုန်းနဲ့ တနေ့ကို ရှစ်နာရီ ကိုးနာရီလောက် အလုပ်လုပ်ချိန်မှာ နားချိန် 
တနာရီဖယ်လိုက်ရင် ဆယ့်လေးငါးခေါက်လောက်ထိ ပြေးဆွဲနိုင်ပါတယ်၊ တနေ့ကို လှေတစင်း 
ကိုးရာလောက် ဝင်ငွေရတဲ့ လုပ်ငန်းပါ၊ 

ဒီဝင်ငွေ ပမာဏက ပါရီမြို့က သာမန် အင်တာနက် တယ်လီဖုန်း စာစီစာရိုက် ဆိုင် 
တဆိုင်ရဲ့ ဝင်ငွေလောက်နဲ့ ညီပါတယ်၊ မနည်းပါဘူးလို့ ပြောမယ်ဆို ရပါတယ်၊ 
တချို့နယ်က ဆိုင်လေးတွေဆို တနေ့ သုံးလေးရာနဲ့ ရပ်တည်နေကြတာပါ၊

ဒါပေမယ့်လည်း အရေးကြီးတာက ဒီလုပ်ငန်းရဲ့ သဘာဝက ခရီးသွားရာသီပေါ်မှာ 
လုံးဝမှီခိုနေရခြင်း မို့လို့ တနှစ်မှာမှ လေးငါးခြောက်လမျှသာ လုပ်ရမယ့် အလုပ်မျိုးကို 
လက်ကြောမတင်းရရင် မနေနိုင် မနေတတ်ပါတဲ့ မောင်ရင်ငတေတို့ရဲ့ အိမ်နီးချင်း
ဆွေမျိုးပေါက်ဖော်ကြီးတွေ စိတ်မဝင်စားတာလည်း ဖြစ်နိုင်ပါတယ်၊

သူတို့တတွေနဲ့ ပါရီမြို့ကြီးက ပေါက်ဖော်ကြီးတို့လို့ ဆိုင်လုပ်ငန်းရှင်လေးတွေနဲ့ ယှဉ် 
ထိုးကြည့်မယ်ဆိုရင်တော့ အခွန်ရှောင်တိမ်းခြင်း နည်းပညာအရာမှာတော့ ကွာမှာ 
အမှန်တကယ်ပါ၊ မောင်ရင်ငတေ သိခဲ့ဖူးတဲ့ ပေါက်ဖေါ်ကြီးများနဲ့ တခြားသော သူများရဲ့ 
အခွန်ရှောင်တိမ်း နည်းပညာရပ်များကိုတော့ ကြုံရင်ကြုံသလို နောင်အခါများမှ ရေးပါ ဦးမယ်၊

လှေမောင်းနေသူ များကတော့ အပျော်သဘောသာသာ မောင်းကြတဲ့ ပုံစံမျိုးသာပါ၊ သူ့ အရပ်နဲ့ 
သူ့ ဇာတ်ကတော့ ကိုက်ညီနေတယ်လို့သာ ပြောရင် မှန်ပါလိမ့်မယ်၊


Petite Venise de Colmar                     (ဓါတ်ပုံ မရငတ)

အဲဒီ Plaine d'Alsace အဲလ်ဇာ့ဇ်လွင်ပြင်ရဲ့ ပြင်သစ်ဘက် အခြမ်းမှာ Haut-Rhin အထက်ရိုင်း 
ခရိုင် နဲ့ Bas-Rhin အောက်ရိုင်းခရိုင်ဆိုပြီး ခရိုင်နှစ်ခု ရှိပါတယ်၊ အထက်ရိုင်းခရိုင်ရဲ့ မြို့တော် 
က Colmar ကိုလ်မာမြို့ပါ၊ 

အဲဒီ မြို့လေးကို ရစ်ခွေဖြတ်သန်း စီးဆင်းနေတဲ့ Lauch အမည်ရ ရေချောင်းသာသာ 
မစ်ကလေး ရဲ့ ဘေးကမ်းပါးနှစ်ဘက် ရှေးဟောင်းအဆောက်အဦးတွေ တည်ရာကို 
ဒီရေချောင်းလေး နဲ့ ပေါင်းစပ်ပြီးတော့ Petite Venise လို့ တင်စားခေါ်ကြဟန် တူပါတယ်၊ 

အဲဒီ ကိုလ်မာ ရှေးဟောင်း မြို့လေးက ပြင်သစ်ခရီးသွားလောကမှာ လူသိများလာပေမယ့် 
အရမ်းကြီးတော့ နာမည်ကြီးလှပါတဲ့ မြို့လေးတမြို့တော့ မဟုတ်ပါဘူး၊ မောင်ရင်ငတေလို 
အာဆီယံရုပ်မျိုး အနည်းငယ်ရယ် ကိုးရီးယား လိုလို ဂျပန်လိုလို တိုင်ဝမ်လိုလိုရုပ်မျိုး 
တချို့ရယ် တွေ့ရှိရပေမယ့် အများစုကတော့ အသက်ခပ်ကြီး ကြီးပိုင်း ဂျာမန်တွေလိုလို 
အမေရိကန်တွေလိုလို လူဖြူထီး လူဖြူမကြီးတွေသာ များပါတယ်၊

Petite Venise de Colmar             (ဓါတ်ပုံ မရငတ)

အဲမြို့ကလေးနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း သမိုင်းအစအနတွေကို အပေါ်ယံလိုက်ပြီး 
ဆွဲထုတ် ကြည့်လိုက်တော့ ဟိုး ဆယ့်တစ် ဆယ့်နှစ်ရာစုတွေက သမိုင်းကြောင်း အဟောင်း 
အနွမ်းတွေအပြင် မြို့ခံတွေ ဖြစ်တဲ့ နာမည်ကျော် နယူးယောက် လေဘာတီရဲ့ မူရင်းပိုင်ရှင် 
ပန်းပုဆရာကြီး Auguste Bartholdi ဘာသိုလ်ဒီ (၁၈၃၄-၁၉၀၄) နဲ့ Jean-Jacques Waltz
ခါ် နာမည်ကျော် သရော်စာတွေ သရော်ပုံတွေ (အထူးသဖြင့် ကမ္ဘာစစ်ကြီးနှစ်ခုမှ ဂျာမန် 
စစ်တပ် မကောင်းကြောင်းတွေ) ရေးဆွဲခဲ့တဲ့ "Oncle Hansi" အန်ကယ်လ်ဟန်စီ  
(၁၈၇၃-၁၉၅၁) တို့ရဲ့ အကြောင်းတွေကို သွားတွေ့ရပါတယ်၊ 

ဒါ့ အပြင် ပြင်သစ်တို့ရဲ့ နာမည်ကျော် နိုင်ငံရေးဆရာ စာကဗျာဆရာ အတွေးအခေါ်သမား 
ပါရီမြို့သား Voltaire ဗော်တဲလ်ရ် (၁၆၉၄-၁၇၇၈) တယောက်ကတော့ အဲဒီမြို့လေးမှာ 
၁၇၅၃-၅၄ ခုနှစ်များက ဆယ့်သုံးလတိုင်တိုင် နေထိုင်ဖြတ်သန်း သွားခဲ့ဖူးပါတယ်တဲ့၊ 

အဲဒီလို လူတွေရဲ့ အကြောင်းကိုတော့ နောင်များမှ အလျှင်းသင့်လာရင် ရေးဖို့ကြိုးစားပါမယ် 
ခင်ဗျား၊ ခုတော့ ကျေးဇူးတင်ကြောင်းပြောရင်း အဲလ်ဇာ့ဇ် လွင်ပြင်ဆီသို့ စာစုတွေထဲက
ရချောင်းထဲမှာ လှေမောင်းသူများ အကြောင်းကို နိဂုံးချုပ် လိုက်ရကြောင်းပါ ခင်ဗျာ၊

မောင်ရင်ငတေ ၂၇၀၅၂၀၁၆


ရှားရှားပါးပါး မြင်တွေ့ခွင့်ရခဲ့တဲ့ အီရန်မြေပြင် (၂)

  ရှားရှားပါးပါး မြင်တွေ့ခွင့်ရခဲ့တဲ့ အီရန်မြေပြင် (၂)